Showing posts with label Constitutional Law. Show all posts
Showing posts with label Constitutional Law. Show all posts

Thursday, April 18, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဘယ်အတိုင်းအတာအထိပြင်ဆင်နိုင်မလဲ

တူမောင်ညို
အောက်တိုဘာ ၁၁၊ ၂၀၁၁
 “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဆိုတဲ့ သတင်းရယ်။
စက်တင်ဘာ ၃၀ ရက်နေ့၊ စိမ်းလဲ့ကန်သာတွေ့ဆုံပွဲမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဖြေဆိုခဲ့ကြတဲ့ အဖြေ ၂ ရပ်ကိုပေါင်းပြီး (NLD) က မကြာခင် ပါတီမှတ်ပုံတင်တော့မယ်ဆိုတဲ့ သတင်းကို သေချာပေါက်ဖြစ်လာတော့မယ် သတင်းတစ်ခုသဖွယ် ပြောဆိုလာနေကြပါတယ်။
မုန့်ဆီကြော်က ဘယ်လိုနေမှန်းမသိသေးဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလုပ်နေကြပြီ။
လက်တွေ့အားဖြင့်ပြောရရင် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ဆိုတာဟာ ဥပဒေကြမ်း အဖြစ်ပဲရှိပါသေးတယ်။ အမျိုးသားလွှတ်တော်ထဲမှာမဆွေးနွေးရသေးပါဘူး။
အမျိုးသားလွှတ်တော်ကလက်ခံဆွေးနွေး၊ အတည်ပြုပြီးပြီဆိုရင်လည်း အဲဒီဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ဆက်လက် တင်ပြရပါဦးမယ်။ ပြည်သူ့လွှတ်တော်က လက်ခံပါမှ(သို့တည်းမဟုတ်)ပြင်ဆင်ချက်တွေပြုလုပ်ပြီး လက်ခံတာလည်းလုပ်နိုင်ပါသေးတယ်။ လွှတ်တော်၂ ရပ်လုံးကလက်ခံသဘောတူပြီး။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှသာ ဥပဒေတစ်ရပ်အဖြစ်ပေါ်ထွက်လာမှာပါ။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း-၁)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၂)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၃)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၄)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၅)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၆)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၇)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၈)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၉)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၀)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၁)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၁)

အခန်း (၁၃)
နိုင်ငံတော်အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော်

ပုဒ်မ ၄၃၇ (က) တွင် သုံးရောင်ချယ် ကြယ်တလုံးအလံကို တွေ့ရပါသည်။ ပြည်ထောင်စု ဟုခေါ်ပြီး တပြည်ထောင် ပုံရိပ်ကို ဖော်ပြထားသည်မှာ သဟဇာတ လုံးဝ မဖြစ်ပါ။ ကြံ့ဖွံ့ တပါတီ စနစ်ကို သွားလိုသည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆(ဃ) ပါ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖောက်ဖျက်ရာ ကျသွားပါမည်။ နိုင်ငံတော် အလံကို ပြည်ထောင်စု တိုင်းရင်းသား အများစု၏ သဘော တူညီမှုရယူကာ အသစ် ပြန်လည် ပြဋ္ဌာန်းသင့်ပါသည်။
ပုဒ်မ ၄၄၀ တွင် “နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်။”ဟု ပြဋ္ဌာန်းချက်မှာ မြန်မာ့ ရေမြေ သဘာဝနှင့် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုကို ပစ်ပယ်ရာ ကျပါ သည်။ နိုင်ငံတော်၏ မြို့တော် ရန်ကုန် နှင့် မန္တလေး ကိုပါ သတ်မှတ်ရပါမည်။ ဗဟို အစိုးရ ရုံးစိုက်ရာနေရာကိုသာ မြို့တော် သတ်မှတ်ချက်မှာ အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရာ မကျပါ။ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းသင့်ပါသည်။ 

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၁၀)

အခန်း (၁၂)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း
နိုင်ငံတိုင်းရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တိုင်းတွင် ပြင်ဆင်ရန် လိုအပ်သည့်အခါ ပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်းကို ထည့်သွင်းဖော်ပြလေ့ ရှိပါသည်။ ထို့်အတူ မြန်မာနိုင်ငံတွင် ယခင်ကရှိနှင့်ခဲ့သည့် ၁၉၄၇ ခုနှစ် နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ များ၌လည်း ဤအခန်းကို ဖော်ပြခဲ့ကြသည်။ ၎င်း ပြင်ဆင်ခြင်းအခန်းပါ ဖေါ်ပြချက်များသည် ယခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ ပြင်ဆင်ခြင်း အခန်းနှင့် မတူကွဲပြား ဖြစ်နေသည်များကို နှိုင်းယှဉ် သုံးသပ်ရန်လိုပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၁) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ခြင်း၊ ပုဒ်မ ၂၀၉ တွင်

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၉)

အခန်း (၁၁)
အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ
နိုင်ငံတကာက ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းကြရာတွင် နိုင်ငံ သားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို နစ်နာဆုံးရှုံးမှု မရှိရအောင် အတတ်နိုင်ဆုံးပြဋ္ဌာန်းလေ့ရှိပါသည်။  နိုင်ငံတကာမှာလည်း အရေးပေါ်ကာလများတွင် အထူးသဖြင့် လူအခွင့်အရေး ချိုးဖောက်ခံရမှုများ အမြောက်အများ ပေါ်ထွက်ကြလေ့ရှိသည်ကို ဂရုတစိုက် သတိထားကြရပါမည်။
ပုဒ်မ ၄၁၄ တွင် “ နိုင်ငံတော် သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာသည့် အခါ-
(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၈)

အခန်း (၁၀)
နိုင်ငံရေး ပါတီများ
နိုင်ငံရေးပါတီတရပ်သည် မိမိ၏နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည် ဖော်နိုင်ရန် ဦးစွာပထမ ပါတီမှတ်ပုံတင်ရပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို  န အ ဖ ဥပဒေ  အမှတ် ၂/ ၂၀၁၀ ဖြင့်၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက်နေ့က ပြဋ္ဌာန်း ခဲ့ပါသည်။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၄၀၉ အရ ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။
ပုဒ်မ ၄၀၈ တွင် “နိုင်ငံရေး ပါတီတရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက် တရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့် ပေးနိုင်သောအဖွဲ့အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်။”ဟုပါရှိပါသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၇)

အခန်း (၉)
ရွေးကောက်တင်မြှောက်ခြင်း
လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ခေါင်းစဉ်အောက်ရှိ အခြေခံမူများပါ ပုဒ်မ ၁၄ တွင်-
“ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။”ဟုဖော်ပြထားပါသည်။
သို့သော် ထိုတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်စပ်ဆိုင်သည့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်မ တစုံတရာမျှ မပါရှိသည်ကို ထူးခြားစွာ တွေ့မြင်ရပါသည်။
လွှတ်တော်ဆိုသည်မှာပြည်သူများဆန္ဒနှင့်ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ အတွက်သာဖြစ်ရ ပါမည်။ ဒီမိုကရေစီ၏

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၆)

အခန်း(၇)
တပ်မတော်
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လည်းကောင်း တပ်မတော်ဟူ၍ အခန်း သီးသန့် ဖော်ပြခဲ့သည်ကို လုံးဝမတွေ့ရပါ။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ တပ်မတော်အခန်းကို သီးသန့်ပြဋ္ဌာန်းထားသည် သာမက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါဝင်သည့် ပုဒ်မပေါင်း အမြောက်အမြား ကိုပါ တခြားအခန်းများတွင် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရှိရပါသည်။ ကာကွယ်ရေးဦးစီးချုပ်ဆိုင်ရာ ပုဒ်မများကို တပ်မတော်အခန်း တွင်သာ ပြဋ္ဌာန်း သင့်ပါ သည်။ ဥပဒေပါ အနှစ်သာရများကို ရောထွေးယှက်တင် မဖြစ်စေရန် အခန်းခွဲထားခြင်းမရှိဘဲ အခန်းတိုင်း ပါဝင်နေမှုမှာ တမိုးလုံးဖျောက်ဆိပ် ဆိုသလိုပင် စစ်အာဏာရှင် စနစ် ၏ ဖော်ပြချက်များကို တွေ့မြင်နေရပါသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်မှာ စစ်တပ်လက်စွဲကျမ်း တစောင်ပမာ ဖြစ်နေပါသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ကို တခွန်းတည်းပြောပါသည်

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၅)

အခန်း (၆)

တရားစီရင်ရေး

မြန်မာနိုင်ငံ တရားရုံးများ ဖွဲ့စည်းပုံအရ တရားရုံးအမျိုးအစား သုံးမျိုးကိုတွေ့ရပါသည်။ ပုဒ်မ ၂၉၃ (က)တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်ထားသော အခြားတရား ရုံးများ။”
ပုဒ်မ ၂၉၃ (ခ)တွင်”စစ်ဘက်ဆိုင်ရာ တရားရုံးများ။
ပုဒ်မ ၂၉၃(ဂ)တွင်” နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” ဟူ၍ သုံးမျိုးသုံးစား တွေ့ရပါသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး အာဏာနှင့် ပတ်သက်၍ ပုဒ်မ ၂၉၄ တွင်” နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက် ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင် ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့် ဆုံးတရားရုံးဖြစ်သည်။” ဟု ပြဋ္ဌာန်း ထားသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံး ဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ တရားရုံး များနှင့် နိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍မရပါ။ ယခင်ကတည်ရှိခဲ့သော တရားရုံးဖွဲ့စည်းပုံများနှင့် လုံးဝ ကွာခြားသွား သည်ကိုတွေ့ရပါ သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၏ စီရင်ပိုင်ခွင့် အာဏာတို့ လုံးဝကွာခြားသွားပါသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၄)

အခန်း ( ၅ )

အုပ်ချုပ်ရေး

ပြည်ထောင်စု အစိုးရအဖွဲ့

ဤအခန်းတွင် ပုဒ်မ- ၁၉၉ မှ ပုဒ်မ -၂၉၂ အထိ ပါရှိသည်။ နအဖ ဥပဒေအမှတ်-၁၅/၂၀၁၀  ဖြစ် သော ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တို ဘာလ ၂၁ ရက်နေ့ ကပင် ပြဋ္ဌာန်း ထားသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၇ ၊ ပြည်ထောင်စုအစိုးရ၊ ပုဒ်မ -၁၁၄ တွင်” ပြည် ထောင်စု နိုင်ငံ အစိုးရအဖွဲ့ကို ပုဒ်မ -၅၆ အရ ခန့်ထားသော ၀န်ကြီးချုပ်နှင့် ၀န်ကြီးများဖြင့် ဖွဲ့စည်းရမည်။ ”ဟုပါရှိသည်။ ပုဒ်မ -၅၆(၁) တွင်” နိုင်ငံ တော် သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသော ပုဂ္ဂိုလ်အား ၀န်ကြီး ချုပ်ခန့်ထားရမည်။ ထိုဝန်ကြီးချုပ် သည် ပြည် ထောင်စုအစိုးရအဖွဲ့၏ အကြီးအမှုးဖြစ်ရမည်။” ဟုလည်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိရပါသည်။
ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၉(က) တွင် ”နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။”ဟုဖော်ပြပါရှိသည်။ သမ္မတ အုပ်ချုပ်ရေးစနစ် ဖြစ်ကြောင်း ပေါ်လွင်ပါသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၃)

အခန်း (၄)
ဥပဒေ ပြုရေး
ပြည်ထောင်စု လွှတ်တော်
လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးထားကြောင်းတွေ့ရပေသည်။ ပုဒ်မ ၇၄ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပြည်ထောင်စု လွှတ်တော်တွင် ပါဝင်ကြောင်းတွေ့ ရသည်။ ၇၄ (က) နှင့် ၇၄ (ခ) တွင် ပုဒ်မ ၁၀၉ နှင့်ပုဒ်မ ၁၄၁ ပါ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၆၆ ဦးရှိသည်ကို တွေ့ရသည်။ ဤသည် မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို  အထူးခြားဆုံးဖွဲ့စည်း ပုံ ဖြစ်သွားစေပါ သည်။ ပြည်ထောင်စုလွှတ်တော် သည် ဥပဒေပြု အာဏာကို ကျင့်သုံးသည့် လွှတ်တော်ဖြစ်ပါသည်။ ဥပဒေပြုသူထဲတွင် တပ်မတော်သားများကို အမည်စာရင်းတင်သွင်း၍ ခန့်အပ်ထား ခြင်းမှာ ဒီမိုကရေ စီ ရွေးချယ်ရေး မူကို ဆန့်ကျင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၂)

အခန်း(၂)
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
ဤအခန်း(၂) ပုဒ်မ -၅၃(က) တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တနယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင် သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမ ရယူရမည်။”ဟုဖော်ပြထားပြီး၊
ပုဒ်မ- ၅၂(ခ) (၃) တွင် ”နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှုး သည် အောက်ပါ အတိုင်း လွှတ်တော်ကိုယ်စားလှယ် များ၏ ဆန္ဒကို ရယူရမည်

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း-၁)

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ – ၁၅၁ (၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်လာသည် ဟုသော် လည်းကောင်း၊ ပေါ်ပေါက်ရန် အကြောင်းရှိသည် ဟုသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌ မဆို ယူဆခဲ့သော် ထိုပြဿနာကို စဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ် ကလည်း ထိုပြဿနာနှင့် စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့် အတိုင်း ကြားနာ စစ်ဆေးပြီးနောက် သမ္မတထံ အစီရင်ခံနိုင်ရမည်။” ဟု ပြဋ္ဌာန်းထားချက် ရှိခဲ့ဖူးပါသည်။

၂၀၀၈ ခုနှစ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထဲက နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များ။


  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပုဒ်မ ၃၄၅ မှ ပုဒ်မ ၃၉၀ အထိ ပြဋ္ဌာန်းထားပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)တွင် ပုဒ်မ ၁၄၅ မှ ပုဒ်မ ၁၇၂ အထိ နိုင်ငံသားများ၏ မူလ အခွင့်အရေးများနှင့် တာဝန်ဝတ္တရား များကို ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂) တွင် ပုဒ်မ ၉ မှ ပုဒ်မ ၂၉ အထိ မူလအခွင့်အရေးများကိုလည်း နိုင်ငံတော် ဟူသော စကား၏ အဓိပ္ပါယ် ရှင်းလင်းချက်၊ နိုင်ငံသားဖြစ်မှု၊ ညီမျှမှုအခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ၊ ဘာသာ သာသနာရေးဆိုင်ရာ အခွင့်အရေးများ၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများ၊ စီးပွားရေးဆိုင်ရာ အခွင့်အရေးများ၊ ရာဇ၀တ် ဥပဒေဆိုင်ရာ အခွင့်အရေးများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကာကွယ်နိုင်၊ ရယူနိုင်သော အခွင့်အရေးများ ဟူ၍ ခေါင်းစဉ်များ အောက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြ ပြဋ္ဌာန်းထား ခဲ့သည်ကိုလည်း ဥပဒေ သမိုင်းကြောင်းအရ တွေ့မြင်သိရှိရပါသည်။ အရေးကြီးသည့် ပုဒ်မများကိုသာ နှိုင်းယှဉ်ပြီး ဆန်းစစ်သုံးသပ်ရန် လိုပါသည်။

“ထာဝရ ငြိမ်းချမ်းရေး” ဆိုတာ လက်နက်စွန့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲ ဝင်ဖို့ဖြစ်တယ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ် သက်ပြီး သမ္မတဦးသိန်းစိန်ပြောတဲ့ “ထာဝရ ငြိမ်းချမ်း ရေး”ဆိုတာ “လက်နက်စွန့် ပြီးဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကိုဝင်လာဖို့ ပဲဖြစ်တယ်”
နိုဝင်ဘာလ ၁၉ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်းစာသမားတွေနဲ့တွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က “ထာဝရ ငြိမ်းချမ်းရေး” ရဲ့အဓိပ္ပါယ်ကို အဲဒီလိုပြောခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာ နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ မရှိဘူးလို့လည်း ခပ်တင်းတင်း ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ပင်လုံစာချုပ်၊ ဖယ်ဒရယ်မှုနှင့် ၂၀၀၈ အခြေခံဥပဒေ

  
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်တွင် `ပင်လုံ´ဟု ခေါ်သော မြို့ကလေး၌ စာချုပ်တခု လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်သည် `ပင်လုံစာချုပ်´ ဟု ထင်ရှားသည်။ ပင်လုံစာချုပ်နှင့်အတူ ပင်လုံမူ သို့မဟုတ် တန်းတူညီမျှမှု စိတ်ဓာတ်လည်း ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ပင်လုံစိတ်ဓာတ်သည် မြန်မာအခြေခံဥပဒေ အဆက်ဆက်တွင် ကိန်းအောင်းရှင်သန်မှု မရှိခဲ့ခြင်းမှာ ၀မ်းနည်းဖွယ် ဖြစ်သည်။

ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ဆိုသည်မှာ အဘယ်နည်း။

ဖွဲ့စည်းပုံမူကြမ်း အတည်ဖြစ်လျှင် အခြေအနေ ပိုဆိုးမည်ဟု BLC ပြော

နယူးဒေလီ။ ။ နအဖ ရေးဆွဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာလျှင် မြန်မာပြည်သူများအနေနှင့် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေထက်ပင် ပိုမို ဆိုးရွားသွားမည်ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ပြောကြားလိုက်သည်။
"လက်ရှိ ခံစားနေရတဲ့ အခြေအနေမျိုးတွေဟာ ပိုဆိုးသွားဖို့ပဲ ရှိနိုင်တယ်။ နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်။ ဥပဒေ စိုးမိုးရေးမရှိ၊ စီးပွားရေး ချွတ်ခြုံကျနေတာတွေ၊ လူမှုရေးဘဝ ပျက်စီးနေရတာတွေ အားလုံးဟာ တင်းကျပ်တဲ့ ဗဟို ချုပ်ကိုင်မှုအောက်မှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးလို့ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်



ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။

၂၀၀၈- ဖွံစည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်ချက်များ


ဤနေရာတွင် ရယူ လေ့လာနိုင်ပါသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ

 
Related Posts Plugin for WordPress, Blogger...